Saturday, April 25, 2009

ပိုတိုရှောခ့်တွက် water reflection

Photobucket
ကျနော် အပေါ်က ပုံလေးကို တစ်ချက်ကြည့်ကြည့်ပါ အကယ်လိုကြိုက်ခဲ့မယ်ဆိုရင် အောက်မှာ ဒေါင်းလုပ်ချလို့ ရပါတယ် ။
အွန်လိုင်း တော်တော်သုံးတဲ့ လူတွေကတော့ ခဏခဏတွေ့မှာပါ ဒါပေမယ့် ဒါက လုံးဝ အင်တာနတ်မလိုပဲ သုံးလို့ရပါတယ် နောက်ပြီး အရမ်းလွယ်သလို ကို့စိတ်ကြိုက် customize လုပ်လို့လည်းရပါတယ် ....

Download : Mediafire( Water Reflection )

တော်တော်လေးကိုရှင်းပါတယ် ပိုရှင်းသွားအောင် နည်းနည်းပြောပြမယ်ဗျာ။ဖွင့်လိုက်တာနဲ့ ဒီလိုမြင်မှာပါ
Photobucket
menu bar က တစ်တန်းထဲပါတာပါ ရှေ့ဆုံးက icon က ပုံယူဖွင့်ဖို့။ ဒုတိယက လုပ်ထားတာကို အစမ်းကြည့်ဖို့။ တတိယက save ဖို့။ သူ့နောက်က images ဆိုတဲ့ အကွက် ရေအရိပ်ရဲ့ ပုံရိပ်လှုပ်ရှားနှုန်းပဲ ဖြစ်ပါတယ်။ နောက်တစ်ကွက်ကတော့ အမြင့်ပါ။နောက်ဆုံးက နှစ်ခုကတော့ မြင်ကွင်း ပြောင်းလဲမှုပါ
Photobucket
ပြောနေတာ ကြာပါတယ် စမ်းကြည့်လိုက်ပါ တော်တော်လေးကိုရှင်းပါတယ် ...



ဆက်လက်ဖတ်ရှူရန်...

Monday, April 20, 2009

စည်းကမ်းပြည့်ဝသော ဟစ်ဟောပ့် သီချင်းများနှင့် ငိုညဉ်းသံများ



UG လို့ အတိုကောက်ခေါ်လို့ရတဲ့ (Underground) Rap သီချင်းတွေ မြန်မာပြည်က လူငယ်ထုတွေကြားမှာ ပျံ့နှံ့နေတာ သိပ်မကြာသေးပါဘူး။ ခန့် မှန်းခြေအရ ဆိုရင်တော့ 3rd Generation ဆယ်ကျော်သက် လူငယ်တွေ ပြီးခဲ့တဲ့ ၂ နှစ် အတွင်းလောက်မှာ စတင်ခဲ့တာလို့ ဆိုနိုင်ပါတယ်။

Rock သီချင်းတွေ အပြိုင်းအရိုင်း ဆူလောင်ပွက်ခဲ့တဲ့ ၁၉၉ဝ ပြည့်လွန်နှစ်တွေ အပြီးမှာ Acid အဖွဲ့ရဲ့ Rap သီချင်းခွေနဲ့အတူ မြန်မာပြည်က ၂၁ ရာစု ဂီတလူငယ် မျိုးဆက်တွေဟာ DJ စက်တွေ၊ Microphone တွေ၊ Break Dance တွေနဲ့အတူ Pop သီချင်းအများစု ခေတ်စားတဲ့ မြန်မာပြည်မှာ ဘွားခနဲ ပေါ်လာတာပါ၊

Hip Hop မျိုးဆက်ရဲ့ 1st Generation ဖြစ်တဲ့ Acid အဖွဲ့၊ Theory အဖွဲ့တို့ဟာ နည်းမျိုးစုံနဲ့ တိုက်ခိုက်ခံပြီးမှ သူတို့ ရဲ့ အမာခံပရိသတ် လူငယ်အများစုရဲ့ လက်ခံမှုကြောင့် မြန်မာပြည်ရဲ့ Rap လမ်းကြောင်းက မထင်မှတ်ဘဲ တံခါးပွင့်ခဲ့ပါတယ်။ အသစ် အသစ်ထွက်လာတဲ့ သီချင်း စီးကြောင်းထဲမှာ ဆယ်ကျော်သက် မြှီးကောင်ပေါက် မိန်းကလေးတွေရဲ့ အသည်းစွဲ က စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ ဂျေမီတို့ဟာ ၂ဝဝ၃ ခုနှစ်ကနေ ဒီနေ့ အထိ စင်ပေါ်မှာ နေရာယူထားဆဲ၊ ပရိသတ်ကို ဖမ်းစားထားဆဲ။

ရဲလေး၊ ဂျေမီမျိုးဆက်ကို 2nd Generation Hip Hop လို.ခေါ်မယ်ဆိုရင်တော့ ဒီကနေ့ မြန်မာပြည်ရဲ့ Rapper ပေါက်စတွေဖြစ်တဲ့ KH$, Jouk Jack တို့ရဲ့ VIP ဟာ 3rd Generation ဖြစ်လာပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်က Rap / Hip hop ယဉ်ကျေးမှုဟာ Revolution တစ်ခုအနေနဲ့ တွန်းကန်ရုန်းထွက်နေရလို့ပါပဲ။

Hip Hop ဂီတယဉ်ကျေးမှုရဲ့ ခရီးအစဟာ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ လူ့ အသိုင်းအဝိုင်းရဲ့ စိတ်အချဉ်ပေါက်မှု၊ တံခါးပိတ်ဝါဒကြောင့် အမြင်ကျဉ်းမြောင်းမှု၊ ခေတ်မမီတော့တဲ့ လူ့ အသိုင်းအဝိုင်းအတွင်းက လူနေမှုစနစ်ကြားမှာ အတော်ကလေး တိုက်ခိုက်ချေမှုန်းခံခဲ့ရပါတယ်။

ရှင်းရှင်းပြောရရင် မြန်မာပြည်က ဒီမျိုးဆက်သစ်ဟာ ကြောက်မက်ဖွယ်ရာကောင်းတဲ့ စိတ်အချဉ်ပေါက်နေတဲ့ လူတန်းစားကြားထဲမှာ လူးလွန့်ကြီးပြင်းခဲ့ရသူတွေပါ။ သူတို့ ရဲ့ အဖော်ဟာ ဂီတဖြစ်လာတယ်။ ဒီဂီတကနေတဆင့် သူတို့ ရဲ့ အသံတွေ ခံစားချက်တွေက တစတစ ဖော်ထုတ်ဖို့ ကြိုးစားလာကြတယ်။

ီလူငယ်တွေဟာ Hip hop ဂီတနဲ့ လူငယ်ထုတွေကို သောင်းနဲ့ ချီပြီး စုစည်းခဲ့တယ်။ ပြီးတော့ သူတို့ ရဲ့ ခံစားချက်တွေကို ဖလှယ်ကြတယ်။ ပိတ်လှောင်မွန်းကျပ်နေတဲ့ ခေတ်ဆိုးကြီးထဲမှာ သူတို့ အတွက် အချစ်အကြောင်း၊ အသည်းကွဲတဲ့အကြောင်းတွေ၊ သူငယ်ချင်းတွေ ညီညွတ်ကြပါလို့သာ ဒီအကြောင်းတွေကို သီချင်းစပ်ဆိုခဲ့ကြတယ်။

ကိုယ်ပိုင်သံစဉ် မဖန်တီး နိုင်ဘဲ Copy သီချင်းတွေနဲ့ လူတလုံးသူတလုံးဖြစ်နေတဲ့ Rock, Pop သီချင်းတွေထက်စာရင် မြန်မာလူငယ်စစ်စစ်တွေက ကိုယ်ပိုင်ဖန်တီးတဲ့ မြန်မာဟန် Rap သီချင်းတွေက ဘယ်လိုပဲ အတားအဆီးတွေရှိရှိ စင်ပေါ်ရောက်လာခဲ့တာပါပဲ။

ဒီလူငယ်တွေရဲ့ ဂီတပုံစံကို မကြိုက်တာနဲ့ သူတို့ ရဲ့ ဖြစ်တည်မှုနဲ့ ခံစားချက်တွေ၊ ရပ်တည်ရုန်းကန်ရတဲ့ ပတ်ဝန်းကျင်ကို ဂရုမထားဘဲ သူတို့ ကို လူလတ်ပိုင်းနဲ လူကြီးပိုင်းတွေက မကြိုက်ကြပါဘူး။ ဒါကြောင့် Hip Hop ရဲ့ အရသာစစ်စစ်ကို ခြေလှမ်းစိတ်စိတ် ရှာလာတဲ့ မျိုးဆက်သစ်တွေအတွက်ကတော့ မြန်မာပြည်ရဲ့ ဆင်ဆာယဉ်ကျေးမှုအောက်မှာ အသက်ရှူ ကျပ်လာတာကတော့ အမှန်ပါပဲ။

ဒီတော့ Underground သီချင်းတွေဆိုရင်း သူတို့ ရဲ့ ဂီတမှတ်တိုင်တွေကို စပြီး မှတ်ကျောက်တင်ဖို့ လုံးပမ်းတာပါပဲ။ အဲဒီသီချင်းအများစုဟာ နိုင်ငံရေးနဲ့ မပတ်သက်ပါဘူး။ အစိုးရကို ဆန့် ကျင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ မြင်နေရတဲ့ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ အတွေးအခေါ်တွေ၊ ငွေရှိမှသာ အဆင်ပြေမယ်၊ ဘယ်သူသေသေ ငတေမာရမယ်ဆိုတဲ့ လှိုင်းလုံးတွေကို ဟားတိုက်ဖို့ ကြိုးပမ်းတာပါပဲ။

ဒီသီချင်းတွေရဲ့ စာသားတွေက ပြည်တွင်းက သိက္ခာတော်အင်မတန်ကြီးတဲ့ လူတန်းစားတွေအတွက်ကတော့ ညစ်ညမ်းသီချင်းတွေပါပဲ။ လိင်ဆိုင်ရာသီချင်းတွေ၊ နေ့ စဉ်မြင်တွေ့နေရတဲ့ လူငယ်တွေကြားက စကားလုံးတွေဟာ သီချင်းထဲရောက်တော့ အောက်တန်းစားတွေအဖြစ် သမုတ်ခံရပါတယ်။ ဒါ့ကြောင့်လည်း ဒီသီချင်းတွေကို Underground အဖြစ် ထုတ်တာပါ။ ဒီလောက် ညစ်ပတ်တယ် ရုန့် ရင်းကြမ်းတမ်းတယ်ဆိုတဲ့ သီချင်းတွေဟာ ဘာ့ကြောင့် လူငယ်တွေကြားထဲ အင်မတန် ပျံ့နှံ့ပြီး လူကြိုက်များနေတာလဲ။

အဖြေကတော့ သူတို့ ရင်ကို ထိလို့ ပါပဲ၊ သူတို့ ခံစားချက်ကို ရောင်ပြန်ဟပ်လို့ပါပဲ၊ VIP အဖွဲ့က ကျော်ထွဋ္ဋ်ဆွေ၊ ဂျောက်ဂျက်တို့ရဲ့ Rap သီချင်းတွေဟာ ပြည်တွင်းရော ပြည်ပမှာပါ အခုထိ ပျံ့နှံ့အောင်မြင်နေတုန်းပါပဲ။ မိုက်ရိုင်းတယ်ထင်ရင်၊ မကြိက်ရင် နားမထောင်ရုံပါပဲ။ ဒီလို အယုတ်တအနတ်တ သီချင်းတွေ ရှိနေသင့်ရဲ့လားဆိုပြီး ဂျာနယ် စာမျက်ထက်ကနေ ဆင်ဆာအဖွဲ့ လူကြီးမင်းများထံ တခုခုလုပ်ကြပါဆိုပြီး ဆော်သြပေးပါတယ်။ ရွာဆော်လုပ်ပါတယ်။

ပည်ပက တချို့သတင်းဌာနတွေကလည်း ဒီလေသံနောက်ကိုလိုက်ပြီး ဟုတ်တာပေါ့၊ မိုက်ရိုင်းတဲ့သီချင်းတွေ မရှိသင့်ဘူး၊ ဒီကလေးတွေ မဆိုစေနဲ့ ဆိုပြီး တတ်ယောင်ကား အဆိုတော်ဆိုသူတွေကို ဗျူးကြပါတယ်။ သူ့ အရပ်နဲ့ သူ့ ဇာတ်ကတော့ အံကို ကိုက်လို့ ။

နိုင်ငံတော်ရဲ့ တာဝန်ရှိသူများက ထုံးစံအတိုင်း ဂျောက်ဂျက်ကို ခေါ်ယူသတိပေးပြီး နောက်မလုပ်ဖို့ ဆုံးမပါတယ်။ လွတ်လပ်မှုဆိုတာ မီးရထားသံလမ်းပေါ်မှာ အဝတ်ထွက်လှန်းတာ မဟုတ်ပေမယ့် ဒီကနေ့ မြန်မာပြည်က လူငယ်တွေ ရင်ဆိုင်နေရတဲ့ ပုံစံနဲ့ သူတို့ ရဲ့ ခံစားချက်တွေတော့ နည်းနည်းလေးဖြစ်ဖြစ် နားလည်ပေးသင့်ပါတယ်။

သူတို့ ဟာ တစ်ချိန်လုံးကြီးတော့ သတင်းဂျာနယ်တွေက ပြောသလို ညစ်ညမ်းသီချင်းတွေချည်းပဲ ဆိုနေကြမှာ မဟုတ်ပါဘူး။ ကိုယ်မကြိုက်တာနဲ့ လူငယ်တွေရဲ့ ခပ်ကျဉ်းကျဉ်းလေးပဲရှိတဲ့ လုပ်ပိုင်ခွင့်တွေကို ခြိမ်းခြောက်မှုတွေ၊ အကြောက်တရားတွေနဲ့ လိုက်ဖုံးအုပ်ဖို့ ကြိုးစားနေတာက အင်မတန် ရှက်ဖို့ကောင်းတဲ့ အဖြစ်ပါပဲ။
ကိုယ်မကြိုက်တာနဲ့ ပိတ်လိုက်ဟ၊ တားလိုက်ဟ၊ ဒါမျိုးတော့ လက်ခံလို့ မဖြစ်ဘူးဆိုတဲ့ အတွေးအခေါ်ရှိတဲ့ လူတွေဟာ .......

Underground သီချင်းတွေ ထွက်လာတာကို မကြိုက်လို့ အတို့ အထောင်လုပ် သတင်းရေးလိုက်ပေမယ့် ဒီလိုသီချင်းမျိုးကို ဖန်တီးသူကြိုက်သူ လူငယ်တွေရဲ့ ခြေလှမ်းတွေကို သင်းသပ်သလို မလုပ်သင့်ပါဘူး။ ဒီလောက်ကလေးတောင် ခေတ်အတွေးအခေါ်နဲ့ အမြင်ကျယ်မှုမရှိဘဲ သတင်းတွေနဲ့ လူသတ်နေကြပါတယ်။ ညစ်ညမ်းသီချင်းတွေပါကွာ၊ အဆင့်မရှိဘူးဆိုရင်လည်း ''ရွှေမှုန်ကြဲတဲ့ ဖဲမွေ့ရာပေါ်ဝယ် ချစ်တလင်းဖော်မယ်'' ဆိုတဲ့ စည်းကမ်းပြည့်ဝပြီး နားခံသာတဲ့ သီချင်းများသာ ဆိုပြီး တိုင်းပြည်ကို ခင်ဗျားတို့ပဲ ချစ်ကြပါတော့။



ဆက်လက်ဖတ်ရှူရန်...

Friday, April 17, 2009

ဟတ်ကာ တွက်လေ့ကျင့်ခန်းများ

Photobucket
Certified Ethical Hacker v6 Training ဆိုတဲ့ DVD လေးပါ။ level အလိုက် အဆင့်ဆင့် သင်ခန်းစာများ ပါဝင်ပါတယ်။ စကားပြော၊ စာသား၊ သရုပ်ဗီဒီယိုများ ပါဝင်ပါတယ်။ အတူတကွလိုက်လုပ် နိုင်တာဆိုတော့ အီးဘွတ်တွေ ဖတ်တာထက် အများကြီးအဆင်ပြေပါတယ်။ အရမ်းအားစိုက်စရာလည်းမလိုဘူးလေ။ တကယ်ကြိုးစားတဲ့လူတွေအတွက် ဖြစ်ချင်တာတွေ တကယ်ဖြစ်ဖို့ အကူအညီ အများကြီးရပါလိမ့်မယ်။

Rapidshare က နှစ်နေရာ၊ torrent နဲ့ တစ်နေရာ တင်ပေးထားပါတယ်။ မိမိအဆင်ပြေတာ တစ်ခုကို ဒေါင်းပေါ့။ Rapidshare က ဖိုင်များတယ်ဆိုပေမယ့် ကျနော် အရင်ပေးခဲ့တဲ့ Rapidshare Auto Downloader နဲ့ဖြစ်ဖြစ်၊ Free Rapidshare နဲ့ဖြစ်ဖြစ် ဒေါင်းလိုက်ရင် အဆင်ပြေပါတယ်။
Rapidshare ...
http://rapidshare.com/files/189487128/EthicalHackingDVD_UDS.part01.rar
http://rapidshare.com/files/189487684/EthicalHackingDVD_UDS.part02.rar
http://rapidshare.com/files/189488731/EthicalHackingDVD_UDS.part03.rar
http://rapidshare.com/files/189489849/EthicalHackingDVD_UDS.part04.rar
http://rapidshare.com/files/189490290/EthicalHackingDVD_UDS.part05.rar
http://rapidshare.com/files/189490946/EthicalHackingDVD_UDS.part06.rar
http://rapidshare.com/files/189491886/EthicalHackingDVD_UDS.part07.rar
http://rapidshare.com/files/189492406/EthicalHackingDVD_UDS.part08.rar
http://rapidshare.com/files/189492980/EthicalHackingDVD_UDS.part09.rar
http://rapidshare.com/files/189493914/EthicalHackingDVD_UDS.part10.rar
http://rapidshare.com/files/189494478/EthicalHackingDVD_UDS.part11.rar
http://rapidshare.com/files/189494790/EthicalHackingDVD_UDS.part12.rar
http://rapidshare.com/files/189495317/EthicalHackingDVD_UDS.part13.rar
http://rapidshare.com/files/189495857/EthicalHackingDVD_UDS.part14.rar
http://rapidshare.com/files/189496299/EthicalHackingDVD_UDS.part15.rar
http://rapidshare.com/files/189496733/EthicalHackingDVD_UDS.part16.rar
http://rapidshare.com/files/189497225/EthicalHackingDVD_UDS.part17.rar
http://rapidshare.com/files/189497431/EthicalHackingDVD_UDS.part18.rar
http://rapidshare.com/files/189497795/EthicalHackingDVD_UDS.sfv

from my bro

ဆက်လက်ဖတ်ရှူရန်...

RapidShare Auto Downloader 3.4

အခု RapidShare Auto Downloader 3.4 ကမိမိဒေါင်းချင်သလောက် လင့်တွေသာ ထည့်ပေးထားလိုက် သူ့ဘာသာ တစ်ခုပြီးတစ်ခု ဒေါင်းနေလိမ့်မယ်။ ဘာမှ လုပ်ပေးစရာမလိုဘူး။ connection ကျတာတို့၊ ဒေါင်းနေရင်း Shutdown လုပ်ရမှာတို့ကျရင်လည်း resume ပြန်ချပေးလိမ့်မယ်။(သူ့ဘသာချပေးပါတယ်) အဲဒါကြောင့်လဲ Rapid Share Auto Downloader လို့ နာမည်ပေးထားတာပါ။ Speed ကလည်း မိမိကိုယ်တိုင် Free User နဲ့ ချတဲ့ speed ထက် သုံးဆမက ပိုကောင်းနေပါလိမ့်မယ်။ ကျနော် rapid premium account ရှိတုန်းကတောင် အပိုင်း ၄၀ လောက် ချရမယ်ဆိုရင် တော်တော်ပင်ပန်းပါတယ်။ အခုကျတော့ လင့်လေးတွေ ထည့်ထားပေးပြီး လုပ်ချင်တာ လုပ်နေယုံပဲ
Photobucket
Photobucket
download here

ဆက်လက်ဖတ်ရှူရန်...

Image transparency Effect in blogger




ဆက်လက်ဖတ်ရှူရန်...

Windows Activition Key တောင်းနေရင် ဒီလိုလေးဆို အစဉ်ပြေမယ် ထင်ပါတယ်


XP Service pack 3 အတွက် Activation key လိုတယ်ဆိုရင် ဒီတိုင်းတင်ပေးလိုက်ပါတယ်။
ဒီမှာ
download အရင်ဆွဲလိုက်ပါ
ဇစ်ဖြည်ပြီး folder ထဲမှာ installer.bat ဆိုတဲ့ ဖိုင်လေးကို Double click နဲ့ run လိုက်ရင် အောက်ပါအတိုင်း cmd မှာပေါ်လာပါတယ်။
Photobucket
ကီးဘုတ်က ကီးတစ်ခုခု ဆက်နှိပ်ပေးလိုက်ရင် သူ့ဟာသူ install လုပ်သွားပြီး အောက်ပါအတိုင်း ဆက်ပေါ်လာပါလိမ့်မယ်
Photobucket
ကီးတစ်ခုခု ထပ်နှိပ်ပေးလိုက်ရင် cmd ပြန်ပျောက်သွားပါတယ်။ Restart ပေးလိုက်ပါ။ ပြန်တက်လာတာနဲ့ အားလုံး အဆင်ပြေပြီး ဖြစ်နေပါလိမ့်မယ်။ကျွန်တော်တော့ ဒီတိုင်းလုပ်လိုက်တာ အဆင်ပြေပါတယ်

ဆက်လက်ဖတ်ရှူရန်...

Themes for windowXP

ကျနော်ဆီက windowXP themes အခု ( ၆၀ ) ပါ ကြိုက်နှစ်သက်ရင် ဒီနေရာမှာ ဒေါင်းလို့ရပါတယ်


ဆက်လက်ဖတ်ရှူရန်...

ကျွန်တော်သိသော အားကစား ၀ဘ်ဆိုဒ် တစ်ခုပါ


အခုအချိန် မှာ အားကစား ဂျာနယ် ၊ ဘောလုံးဂျာနယ်တွေ တော်တော်များများထွက်နေပေမဲ့ ပြည်ပ လိဂ်တွေဖြစ်တဲ့ Premier League , Spain LaLiga နဲ့ အခြား လိဂ် တွေကို သာ ဦးစားပေးနေတဲ့ အတွက် မြန်မာ လိဂ်တွေရဲ့ သတင်းတွေသိပ်မပါပါဘူး။အခု အင်တာနက်ပေါ်မှာ မြန်မာလိဂ်ရဲ့ နောက်ဆုံး ရ သတင်းတွေ ၊ ရပ်တည်မှု ဇယား ၊ ဆောင်းပါး နဲ့ ပွဲ ကြိုသုံးသပ်ချက်တွေကို အကုန် ဖတ်ရှုလို့ရမှာဖြစ်ပါတယ်။ ဒီ site မှာ အခြား နိုင်ငံတကာ ဘောလုံး သတင်းတွေကို လဲ တင်ပြထားပါတယ်။ ဘောလုံးချစ်သူတွေ အတွက် အကာင်းဆုံး website ပါ။လိပ်စာကတော့.......
http://www.soccermyanmar.com ဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှူရန်...

မိမိကွန်ပျူတာအား virus ရှိမရှိကို အွန်လိုင်းမှ စစ်ရန်

အင်တာနက်ကို အသုံးပြုကြသော သူများမိမိကွန်ပျူအား ဗိုင်းရပ် ရှိမရှိကို အင်တာနက် အွန်လိုင်းမှ စစ်ရန်အတွက် Website တော်တော်များများတွင်လည်း အခမဲ့စစ်ဆေးပေးခြင်း တစ်ချို့က အခကြေးငွေဖြစ် စစ်ဆေးပေးခြင်းများ ပြုလုပ်လျက်ရှိသည်။
သို့သော် ၄င်းတို့ထဲမှ အချို့မှာ မိမိတို့၏ ကွန်ပျူတာအား အကျိုးမဲ့စွာ Adware, Spyware စသည်များဖြစ် Privacy Information များအား ခိုးယူသွားတတ်ကြသည်။ ထို့ကြောင့် အွန်လိုင်း virus စစ်ဆေးခြင်းကို အောက်ပါ official links များမှသာ စစ်ဆေးရန် ဆန္ဒပြုအပ်သည်။
1. Trend micro housecall

HouseCall is a free online virus scanner offered by Trend Micro, which checks whether a computer has been infected by viruses, spyware, or other malware.

Free scan link : http://housecall.trendmicro.com

2. Activescan 2.0

You can use Panda ActiveScan 2.0 whenever you want to make sure that your PC is free from all types of threats. Remember that Panda ActiveScan 2.0 performs an in-depth scan of your PC, but doesn’t disinfect the threats it finds on your computer.

Free virus scan link :: http://www.pandasecurity.com/activescan/

3. Kaspersky Online Virus Scanner

The Kaspersky free online virus scanner is a great way to find out if you have any viruses or spyware on your machine without having to install new software. The Kaspersky Online Virus Scanner scans your computer for malicious code and offers the same exceptional detection rates as other Kaspersky Lab products. The online virus scanner will not remove the malware from your machine if it finds it.

Free scanning link :: http://www.kaspersky.com/virusscanner

4. Norton Security Scan

It will automatically scan your computer every week, replacing the need for you to manually scan using Symantec Security Check. It’s quick, easy, and best of all, it’s free!

Free scan link : http://security.symantec.com/sscv6/WelcomePage.asp

5. BitDefender Online Scanner

BitDefender Online Scanner is an on-demand virus scanner which incorporates the award-winning BitDefender scanning engines. You can use it to scan your system’s memory, all files and drives’ boot sectors, and to automatically clean infected files.

Free virus scan link : http://www.bitdefender.com/scan8/ie.html

6. The ESET Online Scanner

A user-friendly, powerful tool, our online antivirus utility can remove malware—viruses, spyware, adware, worms, trojans, and more—from any PC utilizing only a web browser. No installation required. The scanner uses the same ThreatSense® technology and signatures as ESET NOD32 Antivirus, which means it is always up-to-date.

Free online virus scan URL : http://www.eset.com/onlinescan/

7. Windows Live OneCare safety scanner

Windows Live OneCare safety scanner is a free service designed to help ensure the health of your PC. It checks for and remove viruses, get rid of junk on your hard disk and improve your PC’s performance

Online virus scan link : http://onecare.live.com/site/en-us/default.htm

8. F-Secure Online Scanner

F-Secure Online Virus Scanner (version 3.3) is a free service. Use it to find out if your computer is infected, and disinfect your computer if needed. The product will automatically download the necessary components and virus definition databases as it is started.

Free scan link : http://support.f-secure.com/enu/home/ols.shtm

ဆက်လက်ဖတ်ရှူရန်...

မြန်မာနိုင်ငံမိုးလေဝသဌာနမှ ဧပြီ(၁၆)ရက် (၁၈း၃၀)အချိန်ထုတ်ပြန်သည့် မုန်တိုင်းသတိပေးချက်


(မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခတ်နိုင်သည့် ဆိုင်ကလုန်းမုန်တိုင်း Bijli၏ လမ်းကြောင်းပြမြေပုံ)
ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း Bijliသည် အန္ဒိယနိုင်ငံ Vishaakhaapatnamရဲ့ အရှေ့ဘက် မိုင်(၁၈၀)အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ပြီးခဲ့တဲ့ (၃)နာရီအတွင်း အနောက်-အနောက်မြောက် အရပ်ဆီသို့ ဦးတည်ရွေ့လျားခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မြောက်ဘက်ရခိုင်ကမ်းရိုးတန်း ဖြတ်သန်းတိုက်ခတ်မည်ဟု ခန့်မှန်းထားသည်။ လက်ရှိအခြေအနေတွင် ဆိုင်ကလုန်းBijliသည် လိမ္မော်ရောင် (Category 2)အဆင့် မုန်တိုင်းပြင်းအားတွင် ရှိနေပြီး မြန်မာနိုင်ငံ ကမ်းရိုးတန်းဆီသို့ ဦးတည်နေကြောင်း သိရသည်။ မုန်းတိုင်း ဖြတ်သန်းတိုက်ခတ်မည့် ရခိုင်ကမ်းရိုးတန်း ဒေသများတွင် ပင်လယ်ရေမျက်နှာပြင်မှာ (၅)ပေမှ(၇)ပေအထိ မြင်တက်လာနိုင်သည်။ ထို့အတူ ဧရာဝတီမြစ်ဝကျွန်းပေါ် ကမ်းရိုးတန်း ဒေသများတွင်လည်း အများဆုံး (၃)ပေမှ(၄)ပေ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာနိုင်သည်။ ရခိုင်ကမ်းရိုးတန်းတလျှောက် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းကြီးနိုင်ပြီး လေတိုက်နှုန်းမှာ တစ်နာရီလျင် မိုင်(၆၀)မှ (၇၀)အထိ ပြင်းထန်နိုင်ကြောင်း သိရသည်။ မြန်မာ့ပင်လယ်ပြင်ရှိ လှေ၊ သင်္ဘောများအားလုံးကို လှိုင်းကြီး၍ လေပြင်းတိုက်ခတ်နိုင်သည့် ရေကြောင်းနေရာများမှ ဧပြီ(၁၈)ရက်နေ့အထိ ရှောင်တိမ်းမောင်းနှင်ကြရန် မိုးလေဝသဌာနမှ သတိပေးထားသည်။

ဆက်လက်ဖတ်ရှူရန်...

နောက်ဆုံးရ ဆိုင်ကလုန်း သတင်း


ဘင်္ဂလားပင်လယ်အော် မှ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန် ဘီဂျလီ ( Bijli) ဟာ ၃၆ နာရီအတွင်း ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံ ကို ဖြတ်ကျော်ဝင်ရောက်တိုက်ခိုက်လိမ့်မည်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ရှိ ကုန်တွင်းပိုင်းကို ၀င်ရောက်တိုက်ခိုက် လျှင် ပြင်အား တနာရီ ၇၅ မိုင်နှုန်းဖြင့် စနေနေ့ မှာ ၀င်ရောက်လာမှာဖြစ်ပြီး၊ တနင်္ဂနွေနေ့ထိ ပြင်းပြင်းထန်ထန် ၀င်ရောက်တိုက်ခိုက် လိမ့်မယ် လို့ ခန့်မှန်းပြောဆိုနေကြပါသည်။ ပင်လယ်လှိုင်းလုံးဟာ ၁၄ ပေထိ မြင့်တက်လာဖွယ်ရှိနေတယ်လို့ ခန့်မှန်းပြောဆိုနေကြတယ်။ ဆိုင်ကလုန် ဘီဂျလီ ( Bijli) ဟာ ဘင်္ဂလားပင်လယ်အော် မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ဖြတ်ကျော်ပြီး၊ မြန်မာပြည် ကုန်တွင်းပိုင်းတွေဆီ ထိပြင်းပြင်းထန်ထန် တိုက်ခတ်လိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ် မိုးလေ၀သ ပညာရှင်တွေ ကို တွက်ဆ ခန့်မှန်းပြောဆိုနေကြတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရ မိုးလေ၀သဌာနက ဘင်္ဂလားပင်လယ်အော် ကမ်းခြေတလျောက်တွင်ရှိသော ငါးဖမ်း သင်္ဘောများ၊ ကုန်တင်သင်္ဘောများ၊ လူများကို သတိပေးထားပြီး၊ လုံခြုံတဲ့ နေရာတွေ ရွေ့ပြောင်းကြဖို့ ပြင်ထန်းစွာ သတိပေးထားပြီး၊ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် စေတနာဖြင့် ကူညီပေးမဲ့လူပေါင်း ၄၃,၀၀၀ ကို အသင့်ပြင်ဆင်ထားတယ်လို့ ပြောဆိုခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ် ကယ်ဆယ်ရေး အဖွဲ့ ဟာ လုံခြုံတဲ့ နေရာတွေကို ပြောင်းရွေှ့ဖို့ အခက်အခဲရှိနေကြသူတွေကို အလျင်အမြန် သွားရောက်နေရာချထားပေးမှုတွေပြုလုပ်နေကြတယ်။

မြန်မာပြည်ရှိ မုန်တိုင်းစက်ကွင်းဒေသများတွင်နေထိုင်နေကြသော ပြည်သူများကို အမြန်ဆုံး ထိရောက်စွာ အကြောင်းကြား နှိုးဆော်ပေးကြဖို့ ကျနော်တို့ We Fight We Win မှ စာဖတ်သူတွေကို မေတ္တာရပ်ခံ အပ်ပါသည်။

မုန်တိုင်း ကြိုတင် ကာကွယ်ရေး အချက်များ

မုန်တိုင်းအန္တရာယ်မှ ကြိုတင်ကာကွယ်ရေးအချက်များအား လိုက်နာကြရန် နှိုးဆော်အပ်ပါသည်။ ပြည်သူများအားလုံးအနေဖြင့်လည်း အဆိုပါဒေသများမှ ဒေသခံပြည်သူများထံ မုန်တိုင်သတင်းများနှင့် ကြိုတင်ကာကွယ်ရေးအချက်များ ၀ိုင်းဝန်းအကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အခုချိန်မှ စတင်ရေတွက်လျှင် မုန်တိုင်းအန္တရာယ်ကို ကာကွယ်ရန်အတွက် နာရီသုံးဆယ်လောက် အချိန်ရသည်။ ထိုကြောင့် ပြည်သူ့များ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်နိုင်ရန်အတွက် လူတိုင်းတွင် တာဝန်ရှိသည်။ အထူးသဖြင့် မုန်တိုင်းကျရောက်မည့် နေရာများမှ လူများတွင် ပိုမိုတာဝန်ရှိပါသဖြင့်အောက်ပါအချက်များကို လိုက်နာကြပါရန် နှိုးဆော်အပ်ပါသည်။

(၁)။ ထိုနေ့မှစ၍ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များအားလုံး ရပ်နားထားကြရန်။

(၂)။ ထိုနေ့မှစ၍ ကုန်တင်သင်္ဘောများ၊ ခရီးတင်သင်္ဘောများနှင့်စက်တတ်ရေယာဉ်နှင့် ရေယာဉ်ငယ်အားလုံး ရပ်နားထားကြရန်။

(၃)။ မိမိတို့ရေယာဉ်များအားလုံးကို မုန်တိုင်းလွတ်ရာနေရာများသို့ ပြောင်းရွေ့ထားကြရန်။

(၄)။ သက်ကြီးရွယ်အိုများနှင့်ကလေးသူငယ်များကို မုန်တိုင်းဒီရေလွတ်သောနေရာနှင့် လုံခြုံမှုရှိသောနေရာများသို့ အခုကတည်းက ရွေ့ပြောင်းထားရှိကြရန်။

(၅)။ သက်ဆိုင်ရာမြို့နယ်ဆေးရုံ၊ ဆေးပေးခန်းအားလုံး အဆင်သင့်အနေအထားတွင် ထားရှိကြရန်။

(၆)။ မုန်တိုင်းတိုက်ခတ်နေစဉ်အတွင်း ပြိုလဲရန်လွယ်ကူသော အိမ်များ၊ သစ်ပင်ကြီးများအောက်တွင် မနေကြရန်။

(၇)။ မုန်တိုင်းတိုက်ခတ်နေစဉ်အတွင်း အကြောက်မလွန်ကြရန်နှင့် အန္တရာယ်ရှိသူများကို ကြိုးစားပြီးကယ်တင်ပေးကြရန်။

(ဂ)။ မုန်တိုင်းတိုက်ခတ်နေစဉ်အတွင်း လျှပ်စစ်ဓါတ်မဟာလိုင်း၊ ရိုရိုးဓါတ်အားလိုင်းများအားလုံး ပိတ်ထားကြရန်။ မလိုအပ်ပဲ ဓါတ်တိုင်များအောက်သို့ မသွားရောက်ကျရန်။ ပြတ်ကျနေသောဓါတ်ကြိုးများကို သွားရောက်ကိုင်တွယ်ခြင်း မပြုကြရန်။

(၉)။ သက်ဆိုင်ရာမြို့နယ်များမှ မုန်တိုင်းသတိပေးချက်ကို ပြည်သူများသိရှိစေရန်အတွက် အကြိမ်ကြိမ် အထူးသတင်းအဖြစ် သတိပေးကြေညာပေးရန် လိုအပ်သည်။

(၁၀)။ မုန်တိုင်းတိုက်ခတ်နေစဉ်အတွင်း မလိုအပ်ပဲအပြင်သို့ လုံးဝမထွက်ကြရန်။



ဆက်လက်ဖတ်ရှူရန်...

နောက်ထက်ဆိုင်ကလုန်းတစ်ခုလား

မနှစ်က နာဂစ်မုန်တိုင်းစပြီးဖြစ်တဲ့နေရာမှာပဲ နာဂစ်မုန်တိုင်း နဲ့ အင်အားတူ ဆိုင်ကလုံးမုန်တိုင်းတစ်ခု ဖြစ်နေပါတယ်။ အပေါ်ကိုသွားမလိုလို ဖြစ်နေပေမယ့် နာဂစ်လိုပဲ အရှေ့ကို သွားရင် ဗမာပြည်ကို ၀င်ချင်ဝင်နိုင်ပါတယ်။
၎င်း မုန်တိုင်းသည် ယနေ့နေ့စွဲ 15.04.2009 တွင်တစ်နာရီ မိုင် 40 နှုန်းဖြင့် Location: 14.7N 86.6E —မှနေ အရှေ့ မြောက်အရပ်တို့ ဦးတည်နေပါသည်။
Photobucket
Photobucket
Photobucket

ဆက်လက်ဖတ်ရှူရန်...

Monday, April 13, 2009

အချစ်နဲ့ကိုယ်


ကျွန်တော်တွက်တော့
အချစ်ဆိုတာ ကော်ဖီတစ်ခွက်လို
အစ တစ်စက်မှာ ချို
တစ်ဝက် မျိုတော့ ခါး
ဒါပေမယ့်...
ဟိဟိ ..... ချစ်သူရေ
ဖြတ်ဖို့တော့ အခက်သား

ဆက်လက်ဖတ်ရှူရန်...

“စံပြဆရာ တစ်ယောက်ပေါ် ကျွန်တော်ရဲ့အမြင်”
စံပြဆရာတစ်ယောက်ကို စံပြခေါင်းဆောင်တစ်ယောက်လိုပါပဲ တွေ့ရခဲပါတယ်။ ဆရာအလုပ်နဲ့ နေ့တဓူဝ အသက်မွေးနိုင်လို့သာ ဆရာအလုပ်ကို လုပ်ကိုင်ကြတဲ့ ဆရာတွေက တစ်ပုံကြီးပါ။သူတို့ဟာ ဆရာတွေ ဟုတ်ကောင်းဟုတ်မယ်။ ဒါပေမယ့် သူတို့ထဲက ဘယ်သူ့ကိုမှ့ ‘စံပြဆရာ’ လို့ခေါ်လို့မရပါဘူး။
ဆရာကောင်းတစ်ယောက်ဟာ မိမိရဲ့တပည့်တွေကို စာသင်ကြားရာမှာ ကျွမ်းကျင်ပိုင်နိုင်ဖို့ လိုတယ်ဆိုတာ ပြောစရာလိုပါ။ ဒီလိုအပ်အတွက် ဘယ်သာသာရပ်ကိုမဆို စိတ်ဝင်စားစရာကောင်းအောင် သင်ကြားပေးနိုင်ဖို့ဆိုရင် သူ့မှာ ဟာသဥာဏ်ရှိရပါမယ်။ ( ဟာသာဥာဏ်ရှိရင် ) သူရဲ့သင်ကြားပုံက ပျင်းရိငြီးငွေ့စရာ မဖြစ်ဘူးပေါ့။ တိတိကျကျဆိုရရင်တော့ သူ့တပည့်တွေအတွက် နှစ်ခြိုက်စွဲမက်စရာ အရသာရှိတဲ့ ဟင်းလျာ/ဗဟုသုတ ဟင်းလေးအိုးကြီးပေါ့။
ဒါပေမယ့် စာသင်ကြားရုံသက်သက်နဲ့တော့ မပြီးပြည့်စုံသေးပါဘူး။ဆရာကောင်းတစ်ယောက်မှာ တခြားအရည်းအချင်းတွေလည်း အများကြီးရှိပါသေးရဲ့။ ‘စိတ်ရောကိုယ်ပါ တာဝန်ထမ်းမှာ’ ဆိုတာ သူ့ရဲ့ဆောင်ပုဒ်ပါ။ သူဟာ မိမိတာဝန်ကို စိတ်မပေါ့တပါနဲ့ ဘယ်တော့မှ့ ထမ်းဆောင်မှာ မဟုတ်ပါဘူး။ ပုရွက်စိတ်လိုမျိုး လုံ့လ၀ီရီယနဲ့ ပညာကိုရှာမှီပြီ အဲပညာကို မိမိတည့်တွေထံ ပြန်လည်မျှဝေပြီးတော့ တိုးပွားလာအောင် လုပ်တယ်။ ဒီအလုပ်တွက် လစာရဖို့ သူမျှော်လင့်ကောင်း မျှော်လင့်မယ်။ ဒါကတော့ သဘာဝကျပါတယ်။ ဆရာဝန်တောင် လူနာဆီကနေ ဆေးဖိုးဝါးခ မျှော်လင့်သေးတာပဲလေ။နိုင်ငံဂုဏ်၊လူမျိုးဂုဏ်ဆောင်ဖို့ တိုက်ပွဲဝင်တဲ့ ရဲဘော်ဟာလည်း မိမိလစာရရှိဖို့တွက် အလားတူစိတ်အားထက်သန်တာပါပဲ။ ဒါပေမယ့် ဆရာကောင်း၊ဆရာဝန်ကောင်းနဲ့ ရဲဘော်ကောင်းဆိုတာ ငွေထက် တာဝန်ကို ပိုအလေးထားတယ်။ တာဝန် ပထမ၊ငွေ ဒုတိယ - ဒါ စံပြဆရာပါပဲ။
စံပြဆရာတစ်ယောက်မှာ ခြောက်ပြစ်ကင်း သဲလဲစင်တဲ့ အကျင့်စာရိတ္တရှိပါတယ်။ မိခင်နဲ့ဆရာသမားက တက်သစ်စယောကျာင်္းကလေးတွေနဲ့ မိန်းကလေးတွေရဲ့ အကျင့်စရိုက်ကို ပုံသွင်းပေးထားပြီး အနာဂတ်ကို ပုံဖော်ပေးတယ်လေ။ အကျင့်စရိုက်ဆိုတာ ဆရာကောင်းတစ်ယောက်ရဲ့ အဖိုးတန်ပစ္စဥစ္စာပါပဲ။
ဒါ့အပြင် သူဟာ စည်းကမ်း၊အချိန်မှန်မှုနဲ့ စာကြိုးစားမှုရဲ့ အရေးပါပုံကို မိမိကျောင်းသားတွေရဲ့ စိတ်ထဲ အမြဲစွဲမှတ်နေစေပါမယ်။ မိမိကျောင်းသားတွေကို စံပြကျောင်းသားတွေ တကယ့်လူကြီးလူကောင်းတွေနဲ့ မြင့်မြတ်တဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေ ဖြစ်လာအောင် သူပျိုးထောင်ယူမယ်။ သူက မိမိတပည့်တွေအားလုံးကို တန်းတူညီမျှ ကောင်းကောင်းချစ်တယ်။ ( ဒီတော့ ) သူတို့ရဲ့ ချစ်ခင်လေးစားမှု့ကို သူရတယ်လေ။ သူဟာ သူတို့ကို တိုးတက်မှု လမ်းမှန်ပေါ် ရောက်အောင် ဖေးမကူညီ လက်တွဲခေါ်ဆောင်သွားတဲ့ သူတို့ရဲ့သူငယ်ချင်း၊သူတို့ရဲ့ ဦးဆောင်လမ်းပြပါပဲ။ ဒါကတော့ စံပြဆရာ တစ်ယောက်အပေါ် ကျွန်တော်ရဲ့ အမြင်ပါပဲဗျာ။

ဆက်လက်ဖတ်ရှူရန်...

Friday, April 10, 2009

လက်ချောင်းများမှ့ ပြောသောစကားများ

လက်ညိုး = ရှည်ရင် သြဇာအာဏာ ရာထူးဌာနန္တ ကြီးတတ်ဧ။် တို့ခိုသော ဆန့်ကျင်ဘက် ယူဆပါလေး)
လက်ခလယ် = ရှည်လျားလျှင် တစ်ခုခု မလုပ်မီ အလွန်တွေးတော တတ်ဧ။့် တိုခဲ့သော အပျင်းထူနေတတ်ပြီး ဘာမျှမလုပ်ပဲ အချိန်ဖြုန်း နေတတ်ဧ။့်
လက်သူကြွယ် = ရှည်လျားလျှင် အလှပမြတ်နိုး ၊ ကျော်ကြားချင်စိတ်ရှိ ၊ ကြွယ်ဝချမ်းသာချင်ဧ။် အလွန်ရှည်သော် မကောင်း။ အစစအရာရာ အလွန်ကဲဖြစ်သွားတတ်ဧ။် ငွေကို လွန်စွာမက်မော သွားတတ်ဧ။် လက်သူကြွယ်တိုတော် အထက်တို့ကို သိပ်ဦးစားမပေးနိုင်ဟု ယူဆနိုင်ပါသည်။
လက်သန်းရှည်သော် = အသိဥာဏ်ကြွယ်ဝခြင်း၊ စိတ်ဓာတ်အင်အား ကောင်းခြင်း ဖြစ်ဧ။် စကားပြောကောင်း၊ ပေါင်းသင်းဆက်ဆံရေးကောင်းမည် ဖြစ်ဧ။်
လက်သန်းတိုခဲ့သော် = အသိဥာဏ်အားနည်း၊တိရစ္ဆာန်စိတ်မျိုး ရှိတတ်ဧ။် အလွန်နားဝေးသူဖြစ်တတ်ဧယ် လက်သန်းတိုသူများသည် ပိုက်ဆံစုမိလိမ့်မည် မဟုတ်ပါ၊
လက်ညှိုး = လက်ညှိုးသည် လက်ခလယ်ထက်မရှည်ကောင်း၊အကယ်လို့ ရှည်ခဲ့လျှင်ရူးကြောင်ကြောင် ဖြစ်တတ်ဧ။့် နိုင်ထက်စီးနင်းလုပ်တတ်လေသည်။ လက်ခလယ်နှင့်ညီနေလျှင် ဥစ္စာမက်မောတတ်သည်၊ ဘ၀င်မြင့်တတ်လေသည်။
လက်ညှိုးထက် လက်ခလယ်က တိုနေလျှင် ကြောက်တတ်သည်။မရှိချင်ယောင်ဆောင်တတ်သည်။လက်ညှိုးသည် လက်သူကြွယ် ရှည်နေလျှင် ဓမ္မတရားကို လွန်ဆန်လို့ ရသယောင်ယောင် ထင်မိမှားတတ်သည်၊ သို့သော် တရားသော နည်းလမ်းဖြင့် တက်ကို ရှာဖွေလိမ့်မည်။
လက်ညှိုးသည် လက်သူကြွယ်ထက်တိုလျှင် လိုချင်မက်မောသည့်စိတ်ခေါင်းပါးသည်။အောက်တန်းစားများဧ။် ပြူမူနေထိုင်းခြင်းကို မက်မောတတ်ဧ။့်
လက်ခလယ် = လက်ညှိုးထက်ပိုပီးရှည်လျှင် မိုက်မဲ့သည့်အပြုမူကိုလုပ်တတ်သည်။ လက်သူကြွယ်ထက် ပိုရှည်လျင်မိုက်မဲ့သည့် အပြုမူကို လုပ်တတ်သည်။ လက်သူကြွယ်ထက် ပိုရှည်လျင်၊စိတ်မတည်ကြည်၊ဖောက်ပြန်တတ်သည့်အတွက် အနပညာ၊စာပေ၊အရပ်တို့တွင် အောင်မြင်သင့်သလောက် အအောင်မြင်ပေ။
လက်သူကြွယ်နှင့် ညီနေလျှင် အလောင်းစား ၀ါသနာပါတတ်သည်။ လက်သူကြွယ်ထက် ပိုတိုနေလျှင် မဖြစ်နိုင်သည့် ခဲရာခဲဆစ်များကို စွန့်စားလုပ်ကိုင်တတ်သည်။လူဆိုး လူမိုက်များနှင့်ရောနှောပီးပေါင်းသင်းဆက်ဆံတတ်သည်။
လက်သူကြွယ် = လက်ညှိုးထက်ပိုရှည်လျှင် လူမှု့ပညာနှင့်အနုပညာကို မြတ်နိုးသော်လည်း လိုချင်သော လောဘမရှိသောကြောင့် အကျိုးပေးလိမ့်မည်မဟုတ်ပေ။လက်ညှိုးနှင့်ညီလျှင် ချမ်းသာကြွယ်ဝခြင်းနှင့်ထင်ပေါ်ကျော်စောခြင်းတို့ကို တပ်မက်မောစိတ်ရှိသည်။
လက်ညှိုးထက်တိုနေလျှင် ဘ၀င်ကိုင်သွေးကြီးမှု့ကြောင့်၊မိမိဘ၀မှန်ကို မေ့ပျောက်နေတတ်သည်၊လက်ခလယ်ထက် ပိုရှည်နေလျှင် ခဲရာခဲဆစ် အလုပ်များကို စွန့်စား လုပ်ကိုင်တတ်သည်၊၊လက်ခလယ်နှင့် ညီနေလျှင် လောင်းကစားဘက်တွင် ၀ါသနာပါလိမ့်မည်။လက်ခလယ်ထက် ပိုတိုနေလျှင် မကောင်းသော စိတ်ထားကြောင့် တိုးတက်ရာ တိုးတက်ကြောင်းများ ပျက်ပြယ်လွင့်စင်တတ်သည်။
လက်သန်းထက် အဆမတန် ရှည်နေလျှင် အနုပညာ ၀ါသနာပါသည့်အလျောက် ထူးထူးချွန်ချွန် အောင်မြင်လေ့ရှိသည်။လက်သန်းနှင့်ညီနေလျှင် ဥာဏ်အမြှော်မြင် ကောင်းတတ်လေသည်။
လက်သန်း = လက်သန်းသည် လက်ညှိုးနှင့်ညီနေလျှင်ကား တစ်ဖက်သား ကျလောက်အောင် စကားပြော ကောင်းသည်။နိုင်ငံရေးသမားဖြစ်တတ်သည်။
လက်ခလယ်နှင့် ညီနေလျှင် လောကဓာတ်တွင် အသိဥာဏ် ထက်မြက်ပြီးအောင်မြင်လေ့ရှိသည်။လက်သူကြွယ်နှင့် ညီနေလျှင် ဥာဏ်အမြော်မြင် ထက်မြက်သည်။ သူတစ်ပါးအားဆွဲဆောင်နိုင်သည့် အရည်ချင်းရှိသည်။မကောင်းသောလက်နှင့် တွဲဖက်လျှင် သူတစ်ပါးအား လိမ်လည်လှည့်ဖျားတတ်သည်။
အထက်ပါ သဘောတရားများတွင် ကောင်းသော အချက်လက်များ ပိုမှန်ကန်ရန် လက်အားကောင်းရန် လိုအပ်ပေသည်။ ( လျို့ဝှက်ဆန်းကြယ်မှ့ )

ဆက်လက်ဖတ်ရှူရန်...

Wednesday, April 8, 2009

ပဟေဌိမှာ အဖြညှိရအောင်


ဘာပဲဖြစ်ဖြစ် ဒီနည်းလေး အတိုင်း စမ်းသပ်ကြည့်ရင် သူငယ်ချင်းတို့ အပြင်းပြေကြမယ်လို့ထင်လို့ စိတ်ဝင်စားဖို့လည်း ကောင်းတယ်ထင်လို့ သူငယ်ချင်းတစ်ယောက် မျှပေးတာကို ကျွန်တော် ဒီမှာ ပြန်မျှလိုက်ပါတယ် .............

အခုဖော်ပြမယ့် အမေးအဖြေလေးက လွန်ခဲ့တဲ့ 2000 ခုနှစ် နှစ်ကုန်ပိုင်းလောက်
တုန်းက အလင်းတန်းဂျာနယ်မှာ စာရေးဆရာအတ္တကျော်ရေးသားတင်ပြထား
တဲ့
အပျင်းပြေ(၂) ဆိုတဲ့ အမေးအဖြေလေးပါ။ စိတ်ပညာဆိုင်ရာ သဘောလေးတစ်ခုလို့ 
ပြောပါတယ်။ လူ့ စိတ်ကို စနစ်တကျစမ်းသပ်တာတစ်မျိုးလို့ ပြောနိုင်ပါတယ်တဲ့။
အပျင်းပြေလေးနဲ့  ပျော်စရာကောင်းလို့ ကျနော်သူငယ်ချင်းတစ်ယောက်က
ကျနော်ကိုစမ်းသပ်မေးပါတယ်။ သူပြောတဲ့ အတိုင်းဘာမှ မသိပဲ လိုက်ဖြေကြည့်မိတယ်။
အဖြေတွေအား လုံးနီးပါးတိုက်တိုက်ဆိုင်မှန်ကန်နေခဲ့ပါတယ်။ ဒီဟာလေးကိုသဘောကျလို
့ဂျာနယ်ရှာပြီး သိမ်းထားခဲ့တာပါ။ တစ်ခါတစ်ခါ မသိသေးတဲ့သူငယ်ချင်းတွေနဲ
့မေးစမ်းကြည့် တော့လဲ မှန်ပါတယ်။ မညာဖို့ နဲ့ သူများသိမှာစိုးရိမ်ရင်
တစ်ယောက်ထဲဖြေကြည့်နော်။
နံပါတ်စဉ်လေးတွေ ညွှန်းတာနဲ့ တစ်ချို့ ပြောချင်တာလေးတွေကိုနည်းနည်းပြင်ရေးထား
ပါတယ်။ ကျန်တာအားလုံးကတော့ အရင်းအတိုင်းပါပဲ။ သူငယ်ချင်းတွေကိုသတိရလို့ 
ပျော်ရအောင်ရည်ရွယ်ပြီး အင်း . . . အညောင်းခံပြီး၊ ပြန်ရိုက်လို
့တင်ပြလိုက်ပါတယ်နော်။
သူငယ်ချင်းတို့ ပြောတဲ့အတိုင်းလုပ်နော်။ လောလောဆယ်ဘောပင်နဲ့ စာရွက်သာ
အမြန်ယူထားလိုက်တော့။

* * * * * * * * * *
သည်နည်းလေးဟာ ကောင်းလည်းကောင်း လုပ်ကြည့် ပျော်တယ်လို့ 
စကားဦးသန်းလိုက်ချင်ပါတယ်။ စုစုပေါင်းသုံးလေးမိနစ်ပဲချိန်ပေးဖို့ လိုမှာပါ။
ဒါပေမယ့် ပျော်စရာလေးပါ။
အရေးကြီးတာက ညွှန်ကြားချက်တွေအတိုင်း တစ်သဝေမသိမ်းလိုက်နာဖို့ ပါပဲ။
ညွှန်ကြားချက်တွေကို တစ်နည်းနည်း နဲ့ လှည့်ဖျားမယ်ဆိုင်တော့
အောင်မြင်မှာမဟုတ်သလို နောက်ဆုံး ကျခါမှ လှည့်ဖျားမိခဲတဲ့အတွက်
နောင်တရနေမှာလည်းအသေအချာပါ။ အဲ့တော့သုံးလေးမိနစ်လေးပဲ အချိန်ယူပြီးဒါလေးကို
စမ်းကြည့်ပါ။ ကောင်းကောင်းကြီးပျော်သွားရပါစေမယ်။

သည်စာကို ပို့ လိုက်တဲ့သူကပြောတယ်။ သည်စာကိုဖတ်ပြီး ဆယ်မိနစ်အတွင်းမှာ သူ
့ဆုတောင်းပြည့်ခဲ့တယ်ဆိုပဲ။ ဒါပေမယ့် မညာကြေး၊ မလိမ်ကြေးနော်. . .။

ပျော်စရာလည်းကောင်း ၊ အံ့သြစရာလည်းကောင်းတဲ့ အဖြေတွေပေါ်လာလိမ့်မယ်။

သည်နေရာကစပြီး တစ်ကြောင်းမှကျော်မဖတ်ပါနဲ့ ၊ သူ့ အစီအစဉ်အတိုင်းဖတ်ရင်း
လုပ်သွားပါ။

ကိုင်း . . . စလိုက်ကြရအောင်။

ပထမဆုံးစက စက္ကူလွတ်တစ်ရွက်နဲ့ မင်တံတစ်ချောင်းယူလိုက်ပါ။ ဘောပင်ဖြစ်ဖြစ်၊
ခဲတံဖြစ်ဖြစ်ပေါ့။
ရေးလို့ ထင်ရင်ပြီးတာပဲနော့ ။

သတိထားရမှာက လူနာမည်တွေကိုရေးတဲ့အခါ ကိုယ်နဲ့ တကယ်သိကျွမ်းနေတဲ့သူ၊ ရင်းနှီးတဲ့
သူတွေကိုသာရွေးပါ။ ပြီးတော့ စိတ်ထဲမှာ ဖျိုးကနဲ ၊ ဖျတ်ကနဲနဲ့ ပထမဆုံး
ပေါ်လာတာတွေကိုသာ ချရေးပါနော်။

ထပ်ပြောမယ်နော်။ တစ်လိုင်းချင်း ဖြည်းဖြည်းဖတ်ရင်း ဖြေသွားနော်။
လုံးဝကျော်မဖတ်နဲ့ ၊
ကျော်ဖတ်လိုက်ရင် ပျော်စရာကောင်းတော့မှာ မဟုတ်ဘူးဆိုတာ ထပ်ပြီးပြောပါရစေနော်။

စပါပြီ . . .

(က) ရှေ့ ဦးစွာ 1 မှ 11 အထိ ကို အထက်မှအောက် တန်းစီပြီး ချရေးလိုက်ပါ။
နံပါတ်စဉ်ထိုးတဲ့ သဘောပါ။
နမူနာ - 1
2
3
4
5
6
7
8
9
10
11
(ခ) ပြီးရင် နံပါတ် 1 ဘေးမှာ ကိုယ်ကြိုက်တဲ့ ဂဏန်းတစ်ခုကိုရေးလိုက်ပါ။
(ဥပမာ-တစ် မှ ကိုး (သို့ ) တစ်ရာထိ ကြိုက်ရာပါ)

(ဂ) နံပါတ် 2 ဘေးမှာလဲ ကိုယ်ကြိုက်တဲ့ ဂဏန်းတစ်ခုကိုရေးလိုက်ပါ။
(ဥပမာ-တစ် မှ ကိုး (သို့ ) တစ်ရာထိ ကြိုက်ရာပါ)

(ဃ) နံပါတ် 3 ဘေး နဲ့  နံပါတ် 7 ဘေး မှာအနီးစပ်ဆုံး ဆန့် ကျင်ဘက်များရဲ
့နာမည်များ ချရေးပါ။ (ယောက်ျားဖြေတာဆိုရင် မိန်းမနှစ်ယောက်နာမည်၊
မိန်းမဖြေတာဆိုရင် ယောက်ျားနှစ်ယောက်နာမည်တွေပဲပေါ့) (ဖျတ်ကနဲပေါ်တာနော်၊
မြန်မြန်လေး)

ထပ်ပြီးသတိပေးပါရစေ။ ကျော်မဖတ်ပါနဲ့ နော်၊ ကျော်ဖတ်ရင်
အားလုံးလွဲကုန်ပါလိမ့်မယ်။
ကောင်းပါပြီ။ အပေါ်ကညွှန်ကြားချက်တွေအတိုင်းရေးလို့ ပြီးမယ်ထင်ပါတယ်။ ဆက်မယ်နော်။

(င) နံပါတ် 4၊ 5၊ 6 ဘေးမှာ မိသားစုထဲကဖြစ်ဖြစ် ၊ မိတ်ဆွေ ၊
သူငယ်ချင်းထဲကဖြစ်ဖြစ်
ခေါင်းထဲ ပေါ်လာတဲ့ နာမည်သုံးခု ကိုချရေးလိုက်ပါဦး။
(အရင်ရေးပြီးမှဆက်ဖတ်ပါနော်)။

သတိပေးချင်ပါသေးတယ်။ အလိမ်နဲ့ ၊ မညာနဲ့ နော်။ လိမ်ညာမိရင်နောက်မှ
နောင်တရနေလိမ့်မယ်။

(စ) သီချင်းခေါင်းစဉ် လေးခုကို နံပါတ် 8 ၊ 9၊ 10 နဲ့  11 ဘေးမှာချရေးလိုက်ပါ။
(စဉ်းစားရတော့ခက်မယ်ထင်တယ်။ သီချင်းခေါင်းစဉ်မသိလဲ သီချင်းစာပိုဒ်လေးသာ
ခံစားမိသလို ဖျတ်ကနဲပေါ်တာတွေသာချရေးလိုက်နော်။ အကြာကြီးစဉ်းစားမနေနဲ့ )

(ဆ) ကဲ . . . အားလုံးပြီးသွားပြီနော်။ ပြီးသွားပြီဆိုရင် လိုရာဆုတောင်းလိုက်ပါ။

အားလုံးသေချာပြီဆိုရင်တော့အဖြေတွေကို ကြည့်လိုက်တော့နော်


အခုတောင်းတဲ့ဆုလေးပြည့်ချင်တယ်ဆိုရင် အခုအမေးအဖြေလေးတွေအကြောင်းကို

နံပါတ် 1 မှာ သင်ရေးထားတဲ့ ဂဏန်းအတိုင်း (လူအရေအတွက်)စေ့အောင် နံပါတ် 2 မှာ
သင်ရေးထားတဲ့ ကဏန်းအတိုင်း (ရက်အတွင်း)ပြောလိုက်ပါ။ ဒါဆိုဆုတောင်း
တွေမကြာခင်ပြည့်လာပါလိမ့်မယ်။ (ဒါတော့ ချင့်ယုံပါလို့ ပြောချင်တယ်
နောက်ပိုင်းအဖြေလေးတွေက စိတ်ဝင်စားစရာကောင်းပါတယ်။ ဖတ်ကြည့်ဦးနော်)

နံပါတ် 3 ဘေးမှာရေးထားတဲ့ သူနာမည်က ကိုယ်ချစ်တဲ့သူတဲ့။ (ဟုတ်ပါရဲ့ လား)

နံပါတ် 7 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ်ကြိုက်နှစ်သက်တဲ့သူ။ ကိုယ်နဲ
့သိပ်တော့လည်းမတိုက်ဆိုင်တဲ့သူပါတဲ့။

နံပါတ် 4 ဘေးမှာရေးထားတဲ့ သူကိုကျတော့ ကိုယ်ကဂရုအစိုက်မိဆုံး၊
အလေးပေးမိဆုံးပါတဲ့။

နံပါတ် 5 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ့်ကို ကောင်းကောင်း သိရှိနားလည်
သူပေပဲပေါ့။

နံပါတ် 6 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ့်အတွက်ကံကောင်း စေမယ့်သူပါပဲ။

နံပါတ် 8 ဘေးမှာရေးထားတဲ့ သီချင်းခေါင်းစဉ်လေးကတော့ နံပါတ် 3 ကသူနဲ
့လိုက်ဖက်တဲ့ သီချင်းလေးပါ။

နံပါတ် 9 ဘေးမှာရေးထားတဲ့ သီချင်းခေါင်းစဉ်လေးကတော့ နံပါတ် 7 ကသူအတွက်ပေါ့နော်။

နံပါတ် 10 ဘေးမှာရေးထားတဲ့ သီချင်းကတော့ကိုယ့်စိတ်ကို
အများဆုံးရောင်ပြန်ဟပ်နေတဲ့ သီချင်းပါတဲ့။

နံပါတ် 11 ဘေးကသီချင်းကတော့ ကိုယ့်ဘ၀ခံယူချက်ကိုထင်ဟပ်နေပါ လိမ့်မယ် ။

* * * * * * * * * *

ကဲ သူငယ်ချင်းတို့ ရေ နည်းနည်းတော့ဆန်းလိမ့်မယ်လို့ ယုံကြည်ပါတယ်။
အပျင်းပြေလေးနဲ့ ကျေနပ်မယ်ဆိုရင် ဒီစာလေးကိုပြန်ရိုက်ပြီးဖော်ပြရ
ကျိုးလေးနပ်ပြီ။ ကျေးဇူးတင်ပါတယ်။

ဆက်လက်ဖတ်ရှူရန်...

ထင်မြင်ချက်သက်သက်ပါ


ယခုခေတ်လူငယ်တွေသည် အင်တာနတ် ( online ) တွင် အချိန်များ၊ ငွေများပေးပြီး ပျော်ပျားနေကြတယ်..
ငွေသည်တတ်နိုင်သောသူများအတွက် အရေးမကြီးလှသော်လည်း အချိန်သည်လူတိုင်းအတွက် အရေးပါသည်။
ထိုသို့အချိန်များ ငွေများရင်းပြီး ပျော်ပါနေကြသော်လည်း အင်တာနတ်သုံခြင်းအားဖြစ် မည်သို့အကျိုးအပြစ် တွေရရှိလာသည်ဟု ပြန်လည်သုံးသပ်သူ အလွန်ပင် နည်းပါးလိမ့်မည်ဟုပြောလျှင် မှားနိုင်မည်မဟုတ် ဟုယုံကြည်မိသည်။ ( ချက်တာ သမားများအတွက်သာ ရည်ရွယ်သည် )
နောက်တစ်ခု ယောကျာင်္းလေးနှင့်မိန်းကလေးတစ်ယောက် ကြိုက်ခြင်း၊ ချစ်ခြင်း၊ သမီးရည်းစား ဖြစ်ခြင်းမှာ သဘ၀ တရားတစ်ခုဖြစ်လို့ မထူးဆန်းပါဖူး။ သို့သော် အွန်လိုင်းမှ ချစ်ခြင်း၊ကြိုက်ခြင်း၊ သမီးရည်းစား ဖြစ်ခြင်းကိစ္စကိုဖြင့် လေးလေးနက်နက် စဉ်းစားသင့်သည်ဟုကျွန်တော်မြင်ပါတယ်
သာမာန်အားဖြင့် ယောကျာင်္းနှင့်မိန်းမတွင် ယောကျာင်္းက ကမ်းလှမ်းခြင်း (လိုက်) ပြီး မိန်းမက သဘောကြနှစ်ခြိုက်လျှင် ပြန်လည်တုံပြန် (လက်ခံ) လေ့ရှိကြသည်။ သဘာဝအားဖြင့် မိန်းမဟာ စိတ်ထားနူးညံပြီး အိနြေ္ဒသိက္ခာ ကြီးကြသူများ ဖြစ်သဖြင့် ကမ်းလှမ်းလာသူ ရှိမှသာလျှင် ထိုကိစ္စကို စတင်နိုင်သဖြင့် အွန်လိုင်းတွင် ရည်းစားထားခြင်းကိစ္စကို ယောကျာင်္းများထက် အပြစ်မပြောသာချေ၊ ဆိုလိုခြင်တာကတော့ ယောကျာင်္းလေးများသည် ပြင်ပလောကမှာပင် စိတ်ကြိုက်ရွေးချယ်နိုင်ခွင့်ရှိနေပါလျက်နှင့် ပင်ကိုစိတ်ထားနူးညံ့ပြီး ယုံလွယ်တတ်သော မိန်းကလေးများကို ယခုကဲ့သို့ အွန်လိုင်းတွင် ကပ်ပြီး ငြူတူတူ ( အီစီကလီ )လုပ်နေသည်မှာ ယေကျာင်္း ရင့်မာကြီးများဖြစ်လျက်နှင့် အထင်သေးစရာ တစ်ခုပင်ဖြစ်သည်ဟု ကျွန်တော်မြင်မိပါသည်။ ( ၀ိုင်းဆော်ကြမည်လားတော့မသိး))
အမှန်တရာ တစ်စိတ်တစ်ပိုင်းမို့ ဆက်ပြောမည်၊
ပြင်ပလောကမှာပင် ယောကျာင်္းတစ်ယောက်အတွက် မိန်မတစ်ယောက်သည် အမှန်ပင်မရှားပေ။သို့သော်မိန်းကလေးတစ်ယောက်ကြိုက်နှစ်သက်မည့် အရည်ချင်းတစ်ရပ်တော့ရှိရန်လိုအပ်သည်။
ကျွန်တော်တို့ မြန်မာလူမျိုးများအတွက် မြတ်စွာဘု၇ား၇ှင်းက သဠာယတနသံယုတ်၊ပုရိသ သုတ်ဋ္ဌ် မိန်းမ မကြိုက်သောယောကျာင်္းများကို ဟောထားပါတယ်
၁။ရုပ်အဆင်းမလှသော ယောကျာင်္း
၂။ဥစ္စာမရှိသော ယောကျာင်္း
၃။အကျင့်သီလမရှိသော ယောကျာင်္း
၎။ပျင်းရိပြီး အလုပ်မလုပ်နိုင်သော ယောကျာင်္း
၅။သားသမီးမပေးနိုင်သော ယောကျာင်္း
ထိုယောကျာင်္း ငါးမျိုးကို မိန်းမတို့မချစ်အပ်ဟုဟောထားပေသည်။ထိုယောကျာင်္းငါမျိုးအနက် အကြင်သူသည် အဆင်းမရှိသည်ဖြစ်စေ၊ သားသမီးမပေးနိုင်သည်ဖြစ်စေ၊အကျင့်သီလရှိပြီး လင်ကျင့်ဝတ်နှင့် ပြည့်စုံပြီးမပျင်းမရိသော ယောကျာင်္းမျိုးကိုမိန်းမများ မချစ်နိုင်ပေ။ထိုငါးရပ်လုံးပြည့်စုံသောယောကျာင်္း ဖြစ်ပါမူ မည်သည့်မိန်းမမဆို မချစ်လျင်မနေနိုင်ဟု ဟောထားခဲ့ပါသည်၊
ိုထို့ကြောင့်ယောကျာင်္းလေးများသည် ရှိသင့်သော အရည်ချင်းများရှိအောင် ကျိုးစားထားလျင်မိန်းမကိစ္စအတွက် တွေးပူရန်မလိုပေ။ ယခုကဲ့သို့အချိန်များ၊ငွေများ၊ ရင်းနှီးပြီးမထိရ၊မတို့ရ မည်သို့မျှလုပ်လို့မရသော အွန်လိုင်းမှ ရည်စားထားခြင်းကို ရှောင်ကြဉ်သင့်ပေသည်။ထိုပြင် နိုင်ငံတစ်နိုင်ငံ စီပွားရေး၊လူမှု့ရေး၊ယဉ်ကျေးမှု့များ တိုးတက်ရန် လူငယ်များလက်ထဲတွင် ရှိနေသည်။ထိုကဲ့သို့ တိုးတက်ရန်လူငယ်များ ပညာအရေချင်းနှင့် ပြည့်စုံနေနိုင်ရန် အထူးအရေးကြီးပေသည်။ ထို့ကြောင့် အွန်လိုင်းမှ့ ရည်စားရှာခြင်းနှင့် အချိန်ကုန်မည့်အစား ဗဟုသုတ ဖြစ်စေမည့် အကြောင်းရာများကို ရှာဖွေခြင်း သူငယ်ချင်းအချင်းချင်း အတွေ့ကြုံဖလှယ်ဆွေးနွေးခြင်း၊နည်းပညာများမေးမြန်သော (forum) များတွင် ၀င်ရောက်မေးမြန်းချင်း ဆွေးနွေးခြင်းများဖြင့် လူငယ်တစ်ယောက်ဧ။် အရည်သွေး မြင့်မာရန် အချိန်များကို အကျိုးရှိရှိ အသုံးခြသင့် သည်ဟုတင်ပြလိုက်ပါသည်။း))
Share

ဆက်လက်ဖတ်ရှူရန်...

Tuesday, April 7, 2009

ငါ့ကိုဘယ်ချိန်ထိ ချစ်မှာလဲ !

ညနေခင်းလေးတစ်ခု... လှပတဲ့ ဆည်းဆာနေရောင်က လောကတစ်ခွင်ကို ဖြန့်ကြက်ထားတယ်။ ရှည်လျှားတဲ့ လမ်းမထက်က စက်ဘီးလေး တစ်စီးပေါ်မှာ ကောင်လေးက ကောင်မလေးကို တင်နင်းထားတယ်။

"ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ! "

ကောင်လေးခါးကို ပွေ့ဖက်ထားတဲ့ ကောင်မလေးက ကောင်လေးကျောကို မှီပြီး ခပ်တိုးတိုးလေး မေးတယ်။ ကောင်လေးရဲ့အဖြေက ကောင်မလေး စိတ်ကျေနပ်လောက်တဲ့ အမှတ်ပြည့်အဖြေ မဟုတ်မှန်း ကောင်မလေးသိနေခဲ့တယ်။

"ချစ်စရာ စကားလေးတွေနဲ့ ဖြေဖို့ အခွင့်အရေးပေးမယ်" ကောင်မလေးက ချွဲနွဲ့ပြီးပြောတော့ ကောင်လေးက စိတ်ပါလက်ပါ စဉ်းစားလိုက်တယ်။

မီးနီနေတုန်း ကောင်လေးက ကောင်မလေးကို လက်"တစ်"ချောင်းထောင်ပြပြီး အဖြေပေးလိုက်တယ်။ ကောင်မလေးက ဝမ်းသာအားရ "တစ်သက်လုံး! " လို့ ပြောတယ်။

ကောင်လေးရီလိုက်တယ်။ ကောင်မလေးရဲ့ အပြောမှန်သွားလို့ မဟုတ်ပါဘူး။ ကောင်မလေးဆီက အပျော်တွေ ကူးစက်သွားလို့ဖြစ်တယ်။ မီးစိမ်းတော့ ကောင်လေးက စက်ဘီးကိုဆက်နင်းပြီး ကောင်မလေးကို တိုးတိုးလေး ပြောတယ်။

"နင့်ကိုငါ ဒီလိုအဖြေမျိုးပေးမှာ မဟုတ်ဘူး။ ဒီလိုအဖြေမျိုးက လူတိုင်းဖြေတတ်တဲ့အတွက် မစစ်မှန်သလိုပဲ... ပြန်စဉ်းစားကြည့်ပါအုန်း"

ကောင်လေးစကားကို ကောင်မလေးက ခေါင်းညိတ်ထောက်ခံရင်း "ဒီလိုဆိုရင် တစ်ရက်လား?"

"ဟား..ဟား ငါတို့ချစ်တာတောင် နှစ်လကျော်နေပြီ။ တစ်ရက်၊ တစ်ပတ်၊ တစ်လဆိုတဲ့ အဖြေမျိုးက မဖြစ်နိုင်ဘူးလေ"

ကောင်လေးအပြောမှာ ကောင်မလေးရောယောင် ရီရင်း " တခဏတော့ မဟုတ်ရပါဘူးနော်" လို့ အသံကျယ်ကြီးနဲ့ မေးတယ်။

ကောင်မလေးအပြောကြောင့် စက်ဘီးလဲမတတ် ကောင်လေးအော်ရီမိတယ်။ ကောင်မလေးရဲ့ ဒီလို ရွတ်နောက်နောက်အပြောနဲ့ ကြည်လင်တဲ့ ရယ်သံတွေကို ကောင်လေး အရမ်းချစ်ခဲ့တယ်။ ကောင်မလေးရဲ့လက်ကို ကောင်လေးတင်းတင်းလေး ဆုတ်ကိုင်ထားလိုက်တယ်။

"ဒီလိုဆိုရင် တစ်နှစ်လား?" ကောင်လေး ခေါင်းခါပြလိုက်တယ်။

"ဒီလိုဆိုရင် နှစ်တစ်ရာကွာ... ငါ့ကို နှစ်တစ်ရာချစ်ရင် ရပြီ" ကောင်မလေးက စိတ်မရှည်ဘဲ ပြောနေပေမယ့် မျက်နှာပေါ်မှာ အပျော်ရိပ်တွေ သမ်းနေခဲ့တယ်။

"နှစ်တစ်ရာ! မတိုလွန်းဘူးလားကွာ.. နှစ်တစ်ရာနဲ့ ငါနင့်ကို ချစ်လို့ မဝနိုင်ဘူး" ကောင်လေးရဲ့ စကားလက်နက်က ကောင်မလေးရဲ့နှလုံးသားထဲ စူးစူးနစ်နစ် ထိုးစိုက်သွားတယ်။ ကောင်မလေးရဲ့ တိုးညှင်းညှင်းရီသံက ကောင်လေးကို မီးနီဖြတ်မောင်းရဲတဲ့ အင်အားတွေ ပေးခဲ့တယ်။

"အဖြေကို သိချင်ပြီလား?" ကောင်လေး ဖြေချင်နေပြီ။

"ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ?" ကောင်မလေးလည်း အဖြေကို ကြားချင်နေပြီ။

ကောင်လေးက လက်တစ်ချောင်းထောင်ပြရင်း "နင်ငါ့ကို မချစ်တော့တဲ့ တစ်နေ့အထိ ငါချစ်နေမယ်"

ကောင်လေးစကားကြောင့် ကောင်မလေး ငေးငိုင်သွားခဲ့ရတယ်။

နင်ငါ့ကို မချစ်တော့တဲ့ တစ်နေ့အထိ ငါချစ်နေမယ်!

အဲဒီတစ်နေ့က ဘယ်လောက်ကြာနိုင်မလဲ? တိုနိုင်သလို ၊ ရှည်နိုင်တယ်။ ထာဝရ၊ တခဏလဲ ဖြစ်နိုင်ပေမယ့် တိကျတဲ့ အဖြေပါပဲပါပဲ

ဆက်လက်ဖတ်ရှူရန်...