Friday, April 17, 2009

မြန်မာနိုင်ငံမိုးလေဝသဌာနမှ ဧပြီ(၁၆)ရက် (၁၈း၃၀)အချိန်ထုတ်ပြန်သည့် မုန်တိုင်းသတိပေးချက်


(မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခတ်နိုင်သည့် ဆိုင်ကလုန်းမုန်တိုင်း Bijli၏ လမ်းကြောင်းပြမြေပုံ)
ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း Bijliသည် အန္ဒိယနိုင်ငံ Vishaakhaapatnamရဲ့ အရှေ့ဘက် မိုင်(၁၈၀)အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ပြီးခဲ့တဲ့ (၃)နာရီအတွင်း အနောက်-အနောက်မြောက် အရပ်ဆီသို့ ဦးတည်ရွေ့လျားခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မြောက်ဘက်ရခိုင်ကမ်းရိုးတန်း ဖြတ်သန်းတိုက်ခတ်မည်ဟု ခန့်မှန်းထားသည်။ လက်ရှိအခြေအနေတွင် ဆိုင်ကလုန်းBijliသည် လိမ္မော်ရောင် (Category 2)အဆင့် မုန်တိုင်းပြင်းအားတွင် ရှိနေပြီး မြန်မာနိုင်ငံ ကမ်းရိုးတန်းဆီသို့ ဦးတည်နေကြောင်း သိရသည်။ မုန်းတိုင်း ဖြတ်သန်းတိုက်ခတ်မည့် ရခိုင်ကမ်းရိုးတန်း ဒေသများတွင် ပင်လယ်ရေမျက်နှာပြင်မှာ (၅)ပေမှ(၇)ပေအထိ မြင်တက်လာနိုင်သည်။ ထို့အတူ ဧရာဝတီမြစ်ဝကျွန်းပေါ် ကမ်းရိုးတန်း ဒေသများတွင်လည်း အများဆုံး (၃)ပေမှ(၄)ပေ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာနိုင်သည်။ ရခိုင်ကမ်းရိုးတန်းတလျှောက် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းကြီးနိုင်ပြီး လေတိုက်နှုန်းမှာ တစ်နာရီလျင် မိုင်(၆၀)မှ (၇၀)အထိ ပြင်းထန်နိုင်ကြောင်း သိရသည်။ မြန်မာ့ပင်လယ်ပြင်ရှိ လှေ၊ သင်္ဘောများအားလုံးကို လှိုင်းကြီး၍ လေပြင်းတိုက်ခတ်နိုင်သည့် ရေကြောင်းနေရာများမှ ဧပြီ(၁၈)ရက်နေ့အထိ ရှောင်တိမ်းမောင်းနှင်ကြရန် မိုးလေဝသဌာနမှ သတိပေးထားသည်။

No comments:

Post a Comment