Monday, April 13, 2009

“စံပြဆရာ တစ်ယောက်ပေါ် ကျွန်တော်ရဲ့အမြင်”
စံပြဆရာတစ်ယောက်ကို စံပြခေါင်းဆောင်တစ်ယောက်လိုပါပဲ တွေ့ရခဲပါတယ်။ ဆရာအလုပ်နဲ့ နေ့တဓူဝ အသက်မွေးနိုင်လို့သာ ဆရာအလုပ်ကို လုပ်ကိုင်ကြတဲ့ ဆရာတွေက တစ်ပုံကြီးပါ။သူတို့ဟာ ဆရာတွေ ဟုတ်ကောင်းဟုတ်မယ်။ ဒါပေမယ့် သူတို့ထဲက ဘယ်သူ့ကိုမှ့ ‘စံပြဆရာ’ လို့ခေါ်လို့မရပါဘူး။
ဆရာကောင်းတစ်ယောက်ဟာ မိမိရဲ့တပည့်တွေကို စာသင်ကြားရာမှာ ကျွမ်းကျင်ပိုင်နိုင်ဖို့ လိုတယ်ဆိုတာ ပြောစရာလိုပါ။ ဒီလိုအပ်အတွက် ဘယ်သာသာရပ်ကိုမဆို စိတ်ဝင်စားစရာကောင်းအောင် သင်ကြားပေးနိုင်ဖို့ဆိုရင် သူ့မှာ ဟာသဥာဏ်ရှိရပါမယ်။ ( ဟာသာဥာဏ်ရှိရင် ) သူရဲ့သင်ကြားပုံက ပျင်းရိငြီးငွေ့စရာ မဖြစ်ဘူးပေါ့။ တိတိကျကျဆိုရရင်တော့ သူ့တပည့်တွေအတွက် နှစ်ခြိုက်စွဲမက်စရာ အရသာရှိတဲ့ ဟင်းလျာ/ဗဟုသုတ ဟင်းလေးအိုးကြီးပေါ့။
ဒါပေမယ့် စာသင်ကြားရုံသက်သက်နဲ့တော့ မပြီးပြည့်စုံသေးပါဘူး။ဆရာကောင်းတစ်ယောက်မှာ တခြားအရည်းအချင်းတွေလည်း အများကြီးရှိပါသေးရဲ့။ ‘စိတ်ရောကိုယ်ပါ တာဝန်ထမ်းမှာ’ ဆိုတာ သူ့ရဲ့ဆောင်ပုဒ်ပါ။ သူဟာ မိမိတာဝန်ကို စိတ်မပေါ့တပါနဲ့ ဘယ်တော့မှ့ ထမ်းဆောင်မှာ မဟုတ်ပါဘူး။ ပုရွက်စိတ်လိုမျိုး လုံ့လ၀ီရီယနဲ့ ပညာကိုရှာမှီပြီ အဲပညာကို မိမိတည့်တွေထံ ပြန်လည်မျှဝေပြီးတော့ တိုးပွားလာအောင် လုပ်တယ်။ ဒီအလုပ်တွက် လစာရဖို့ သူမျှော်လင့်ကောင်း မျှော်လင့်မယ်။ ဒါကတော့ သဘာဝကျပါတယ်။ ဆရာဝန်တောင် လူနာဆီကနေ ဆေးဖိုးဝါးခ မျှော်လင့်သေးတာပဲလေ။နိုင်ငံဂုဏ်၊လူမျိုးဂုဏ်ဆောင်ဖို့ တိုက်ပွဲဝင်တဲ့ ရဲဘော်ဟာလည်း မိမိလစာရရှိဖို့တွက် အလားတူစိတ်အားထက်သန်တာပါပဲ။ ဒါပေမယ့် ဆရာကောင်း၊ဆရာဝန်ကောင်းနဲ့ ရဲဘော်ကောင်းဆိုတာ ငွေထက် တာဝန်ကို ပိုအလေးထားတယ်။ တာဝန် ပထမ၊ငွေ ဒုတိယ - ဒါ စံပြဆရာပါပဲ။
စံပြဆရာတစ်ယောက်မှာ ခြောက်ပြစ်ကင်း သဲလဲစင်တဲ့ အကျင့်စာရိတ္တရှိပါတယ်။ မိခင်နဲ့ဆရာသမားက တက်သစ်စယောကျာင်္းကလေးတွေနဲ့ မိန်းကလေးတွေရဲ့ အကျင့်စရိုက်ကို ပုံသွင်းပေးထားပြီး အနာဂတ်ကို ပုံဖော်ပေးတယ်လေ။ အကျင့်စရိုက်ဆိုတာ ဆရာကောင်းတစ်ယောက်ရဲ့ အဖိုးတန်ပစ္စဥစ္စာပါပဲ။
ဒါ့အပြင် သူဟာ စည်းကမ်း၊အချိန်မှန်မှုနဲ့ စာကြိုးစားမှုရဲ့ အရေးပါပုံကို မိမိကျောင်းသားတွေရဲ့ စိတ်ထဲ အမြဲစွဲမှတ်နေစေပါမယ်။ မိမိကျောင်းသားတွေကို စံပြကျောင်းသားတွေ တကယ့်လူကြီးလူကောင်းတွေနဲ့ မြင့်မြတ်တဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေ ဖြစ်လာအောင် သူပျိုးထောင်ယူမယ်။ သူက မိမိတပည့်တွေအားလုံးကို တန်းတူညီမျှ ကောင်းကောင်းချစ်တယ်။ ( ဒီတော့ ) သူတို့ရဲ့ ချစ်ခင်လေးစားမှု့ကို သူရတယ်လေ။ သူဟာ သူတို့ကို တိုးတက်မှု လမ်းမှန်ပေါ် ရောက်အောင် ဖေးမကူညီ လက်တွဲခေါ်ဆောင်သွားတဲ့ သူတို့ရဲ့သူငယ်ချင်း၊သူတို့ရဲ့ ဦးဆောင်လမ်းပြပါပဲ။ ဒါကတော့ စံပြဆရာ တစ်ယောက်အပေါ် ကျွန်တော်ရဲ့ အမြင်ပါပဲဗျာ။

No comments:

Post a Comment